Thursday, July 2, 2009

တို့ တိုင်းပြည်



ထလော့မြန်မာ ၊ အိုမြန်မာတို့ 
တို့ ရွာတို့ မြေ ၊တို့ ရွာမြေ၀ယ်
စေတီစပါး များလည်းများ၏
များပါလေလည်း ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ ၊ ကာလကြာလျှင်
ယာစကားမျိုး တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း ၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေ့ရ ၊၀မ်းမရ၀၍
ဆွမ်းမျှမတင်နိုင် ရှိမည်နည်း ။
ထလော့မြန်မာ အိုမြန်မာတို့ 
တို့ ရွာတို့ ပြေ ၊တို့ ရွာမြေ၀ယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား ၊များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆရာကာသာ ၊ ကာလကြာလျှင်
မြင်သာမြင်၍ ၊မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။
ထလော့မြန်မာ ၊ မြန်မာထလော့
အားမပျော့ နှင့် ၊ မလျှော့ လုံ့ လ
သူကစ၍ ၊ ငါကအားလုံး
လက်ရုံးများမြောင် ၊ ညဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ ၊ ဆောင်ကြလေလော့
ဤမြေဤရွာ ၊ ဘယ်သူရွာလဲ
ဤယာစပါး ၊ ဘယ်သူ့ စပါးလဲ
ထားလော့တာဝန် ၊ပွန်လော့လုပ်ငန်း
ညဏ်ရှေ့ ပန်း၍
တ၀န်းတစ်စိတ် ညီစေတတည်း ။

“လမင်းကို မျှော်ငေးသူ”


ချစ်သူ . . . .
နင့်လက်ကိုဆွဲပြီး
ဘ၀ကိုလောင်းကြေးထပ်ြပီး

လောကဓံကို စိန်ခေါ်ချင်ခဲ့တာပါ . . . .


ဒါပေမယ့် . . . .

မယုံကြည်မှုတွေ

အမှတ်မထင် ဝင်လာတဲ့

သံသယ လက်သီးချက်တွေကြောင့်


ငါ . . . . . ဟာ
ဒိုင်လူကြီးရဲ့ အမှတ်စဉ်တောင်

ရေတွတ်ချင်းမခံရဘဲ

ပြိုလဲခဲ့တာပါ . . . . .

ချစ်သူ . . . .

ကျွတ်ဆက်ဆက်စိတ်ဓာတ်

မာကျောတယ်ထင်ရတဲ့ . . . ငါ့အသည်းနဲ့ 

ငါမှ ငါ ဆိုတဲ့  ယုံကြည်ချက်တွေဟာ

မင်းရှေ့မှောတ်ပါ . . . .

ခဏခဏ . . . . ဒူးထောက်ခဲ့ရတာပါ . . . .



ငါဟာ . . . .
လမင်းကိုမျှော်ငေးမိသူပါ

လမင်းနဲ့နီးစပ်ဖို့ကို
ကြိုးစားခဲ့မိတယ်
အမြင့်ဆုံးဆိုတဲ့ တောင်ကို ရောက်အောင်တတ်ခဲ့တယ် . . . . .

ဒါပေမယ့် . . . . . .တကယ်တမ်းတော့

ငါ . . . . ဟာ

လမင်းနဲ့ဝေးနေဆဲပါ


သြော် . . . . .
. . . .ငါ့ မှာ . . . .

နောက်ဆုံးတော့ . . . . .

. . . . . လက်ကျန်ခွန်အားလေးတွေနဲ့ . . . . ပဲ
. . . .
. . . မင်းအပါးမှ ရုန်းထွတ်သွားရမှာလား



အိပ်စိက်ခြင်းဟာ

ခဏတာသေဆုံးခြင်းဆို

ငါ့. . . . . . နှလုံးသားကတော့

ထာဝရ. . . အိပ်စက်သွားခဲ့ပါပြီ . . .



နောက်ဆုံးတော့
. . . . ငါဟာ . . .
အလဲလဲအပြိုပြိုနဲ့ပဲ
. . . . .
. . . .မင်းအပါးမှ

ဆက်လကပြီး ရုန်းထွတ်သွားပါရစေ ။ . . . . ။