Thursday, July 2, 2009

တို့ တိုင်းပြည်



ထလော့မြန်မာ ၊ အိုမြန်မာတို့ 
တို့ ရွာတို့ မြေ ၊တို့ ရွာမြေ၀ယ်
စေတီစပါး များလည်းများ၏
များပါလေလည်း ၊ တမွဲမွဲနှင့်
ဆင်းရဲကာသာ ၊ ကာလကြာလျှင်
ယာစကားမျိုး တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း ၊ ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျှက်
မစားလေ့ရ ၊၀မ်းမရ၀၍
ဆွမ်းမျှမတင်နိုင် ရှိမည်နည်း ။
ထလော့မြန်မာ အိုမြန်မာတို့ 
တို့ ရွာတို့ ပြေ ၊တို့ ရွာမြေ၀ယ်
ရေချိုသောက်ရန်၊ မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား ၊များလည်းများ၏
များပါလေလည်း တမွဲမွဲနှင့်
ဆရာကာသာ ၊ ကာလကြာလျှင်
မြင်သာမြင်၍ ၊မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။
ထလော့မြန်မာ ၊ မြန်မာထလော့
အားမပျော့ နှင့် ၊ မလျှော့ လုံ့ လ
သူကစ၍ ၊ ငါကအားလုံး
လက်ရုံးများမြောင် ၊ ညဏ်မြားမြောင်နှင့်
စွမ်းဆောင်ကြလေ ၊ ဆောင်ကြလေလော့
ဤမြေဤရွာ ၊ ဘယ်သူရွာလဲ
ဤယာစပါး ၊ ဘယ်သူ့ စပါးလဲ
ထားလော့တာဝန် ၊ပွန်လော့လုပ်ငန်း
ညဏ်ရှေ့ ပန်း၍
တ၀န်းတစ်စိတ် ညီစေတတည်း ။

No comments:

Post a Comment